မှော်ဘီ၊ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဂျိုးဖြူ-ပြည်လမ်းမကြီးမှ ကျီးပင်အင်း-သင်တောရိုးလမ်းအား မြေသားတာပေါင်ချဲ့၍ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး-လိမ္မော်ခြံ-ကိုင်းကွင်းကြီးကျေးရွာချင်းဆက် လမ်းပေါ်ရှိ ဂျိုးဖြူပိုက်လုံး ဂုံးကျော်တံတားအား သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဒေါက်တာထွန်းမြင့်အောင်နှင့် တာဝန်ရှိသူများက ကျီးပင်အင်း-သင်တောရိုးလမ်းအား အကျယ် ၂၂ ပေရရှိရန် မြေသားတာပေါင်ချဲ့၍ အရှည် ၀/၀.၃၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး-လိမ္မော်ခြံ-ကိုင်းကွင်းကြီး ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဂျိုးဖြူပိုက်လုံး ဂုံးကျော်တံတားအား သံကူကွန်ကရစ်အရှည် ပေ ၃၀ တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်
https://t.me/MyanmarNationalPost
No comments:
Post a Comment