ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) တို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာ ထိန်လင်းဦး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံးတွင် လက်ရှိကျင့်သုံးနေသည့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (၂၀၁၃) တွင် ပြဋ္ဌာန်းပါရှိသည့် အချို့စကားရပ်များသည် ခေတ်ကာလအခြေအနေနှင့် ဆီလျော်မှုမရှိခြင်းနှင့် International Organization of Securities Commission- IOSCO သို့ ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်အရ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (၂၀၁၃) ကို ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ထို့နောက်  တက်ရောက်လာကြသူများက ငွေချေးသက်သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေတွင် ပါဝင်သည့် အကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှု ရှိစေရေးအတွက် ပြင်ဆင်သည့်အချက်များသည် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတကာငွေချေးသက်သေခံလက်မှတ်ကော်မရှင်များအဖွဲ့ (IOSCO) သို့ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်နိုင်ရေးအတွက် စံသတ်မှတ်ချက်ပြည့်မီရန် လိုအပ်ချက်များကို အထောက်အကူပြုနိုင်ရန် အလို့ငှာ ဦးစားပေး ပြင်ဆင်ပြဋ္ဌာန်းသင့်သောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်း နိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဆက်သွယ်ရေးဥပဒေကို ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကွန်ရက်အထောက်အကူပြုပစ္စည်း သို့မဟုတ် ဆက်သွယ်ရေးပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်း နိုင်စေရေးအတွက် ထောက်ခံချက်ပေးရာတွင် ပါဝင်စေရန်ဖြည့်စွက်လိုခြင်းနှင့် စီမံခန့်ခွဲရေးနည်းလမ်း အရ အရေးယူရာတွင် ဒဏ်ကြေးငွေတပ်ရိုက်ခြင်းကို ထည့်သွင်းဖော်ပြလိုခြင်းတို့ကြောင့် ဥပဒေကို ပြင်ဆင်လိုကြောင်း စိစစ်တွေ့ရှိရပြီး လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင် သင့်သောအချက်များဖြစ်၍ ဦးစားပေး ပြင်ဆင်ပြဋ္ဌာန်းသင့်သောဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)