နေပြည်တော်၊ ဒီဇင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Mario Jose Armengol Campos အား ယမန်နေ့က နေပြည်တော် ရှိ Jasmine Nay Pyi Taw Hotel ပုဂံဆောင်ဧည့်တွေ့ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီးက ရွေးကောက်ပွဲတွင် လွတ်လပ်မျှတ ပြီး ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်နေမှုတို့ကို လေ့လာခွင့်ရရှိခဲ့ပြီး နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်မှုများ အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ဖြေကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment