ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲပေးစက်ထုတ်ယူမှု၊ မဲရုံများခင်းကျင်းနေမှုနှင့် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲပေးစက်ထုတ်ယူမှု၊ မဲရုံများခင်းကျင်းနေမှုနှင့် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှု






လားရှိုး၊ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် (OSS) ရုံး၌ မဲရုံအလိုက်ဖြန့်ခွဲမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်များနှင့် မဲရုံသုံးပစ္စည်းများအား ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံမှူးများက လာရောက်ထုတ်ယူနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံနှင့် တာဝန်ရှိသူများသည် အမှတ်(၅)အောင်မင်္ဂလာရပ်ကွက်နှင့် အမှတ်(၂)အောင်မေတ္တာရပ်ကွက် မဲရုံသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မဲရုံတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံနှင့် တာဝန်ရှိသူများသည် နမ့်ခိုက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း မဲရုံ၌ နောင်မွန်၊ နောင်ဖော့၊ စဉ့်အင်၊ ခေးနင်းနှင့်ပုန်းထွန်ကျေးရွာအုပ်စုတို့ရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှုအခြေအနေများနှင့် ဆင်းရွှေလီပြဇာတ်ရုံမဲရုံ၌ မယ်ဟန်၊ ခါးသျှိ၊ မန်ပျဉ်၊ နမ့်ပေါင်နှင့် နမ္မဗောဒကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများအား ကြည့်ရှုခဲ့ရာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)