ဒီဇင်ဘာ - ၂၇ ( စနေနေ့ )
ယီမင်ရှိ ခွဲထွက်ရေး အဖွဲ့ဖြစ်တဲ့ တောင်ပိုင်း အသွင်ကူးပြောင်းရေးကောင်စီ( STC)က ဆော်ဒီသည် ၎င်း၏ တပ်ဖွဲ့များကို လေကြောင်းမှ သတိပေး ပစ်ခတ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလတွင် STC သည် ရေနံကြွယ်ဝသော ပြည်နယ်နှစ်ခုကို သိမ်းပိုက်ခဲ့ပါတယ်။ ထိုအဖွဲ့ကို အာရပ်စော်ဘွားများ ပြည်ထောင်စု UAE က ကျောထောက်နောက်ခံပြုထားပါတယ်။ ဆော်ဒီက ဟာဒရာမောင့် ပြည်နယ်ရှိ ဝါဒီနာဟက် ဒေသတွင်းက နေရာတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆော်ဒီအာရေဗျသည် မကြာသေးမီက STC တို့ သိမ်းယူထားတဲ့ ဟာဒရာမောင့် နဲ့ အယ်လ်မဟာရာ ပြည်နယ်တွေကို စွန့်လွှတ်ရန် STC နဲ့ သံတမန်ရေးရာ အယူခံဝင်ခဲ့ပါတယ်။ အခု တိုက်ခိုက်မှုက ဆော်ဒီအာရေဗျရဲ့ အသနားခံမှုနောက်ပိုင်း ပထမဆုံးသော စစ်ရေးအရ အရေးယူမှု ဖြစ်လာခဲ့ပါတယ်။
"တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီက စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့်လာလို့ အဲ့ဒါတွေကို အဆုံးသတ်အောင်နဲ့ ပြည်နယ်၂ ခုက တပ်ဖွဲ့ဝင်တွေကို အရေးပေါ် စည်းစနစ်တကျ ဆုတ်ခွာပေးခြင်းလုပ်အောင် လို့ သတိပေးတိုက်ိုက်မှုတွေကို လုပ်တာပါ။ ဒေသတွင်း ပြည်သူများရဲ့ အကျိုးစီးပွားနဲ့ အများကြီးသက်ဆိုင်နေတာမို့လို့ ပါ” လို့ ဆော်ဒီအာရေးဗီးယားက ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
“မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တဲ့ အပြင် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်လာနိုင်တဲ့ မည်သည့်အစီအမံကိုမဆို ရှောင်ရှားဖို့ ယီမင်ခွဲထွက် အဖွဲ့ကို သတိပေးလိုက်တာပါ” လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ကြာသပတေးနေ့တွင် STC သမ္မတ အိုင်ဒါရက်စ် အယ်လ် ဇူဘိုင်ဒီ က ယီမင်ထံမှ လွတ်လပ်ရေးကြေညာရန် ဆိုတဲ့အတွက် ဆိပ်ကမ်းမြို့ အေဒင် တွင် ကြီးမားသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပါတယ်။ ဟူသီများက ယီမင်နိုင်ငံရဲ့ မြောက်ပိုင်းဒေသများကို ၂၀၁၅ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာကြောင့် ကုလသမဂ္ဂနှင့် အခြားပင်လယ်ကွေ့နိုင်ငံအများအပြားသည် STC အား ယီမင်ကို ကျောခိုင်းနေစေချင်နေပါတယ်။
REF: UPI
#News #MNP #International



No comments:
Post a Comment