ရုပ်သေးအစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ အမရိကန်က လုပ်နေတာလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုပ်သေးအစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ အမရိကန်က လုပ်နေတာလို့ ဆို


ဒီဇင်ဘာ - ၁၈ ( ကြာသပတေးနေ့ ) 

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုက အမေရိကန်သည် ၎င်းရဲ့အစိုးရကို ဖြုတ်ချပြီး ဗင်နီဇွဲလားကို ကိုလိုနီအဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း စွပ်စွဲခဲ့ပြီး မကြာသေးမီကာလက ဝါရှင်တန်အစိုးရရဲ့  ခြိမ်းခြောက်မှုများ နဲ့ ရေနံတင်ပို့ရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းက "ရိုင်းစိုင်းသော သံတမန်ရေးဝါဒ" ဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ 

မနေ့က ရုပ်မြင်သံကြားမိန့်ခွန်းတွင် မာဒူရိုက အမေရိကန်သည် ဗင်နီဇွဲလားတွင် “ရုပ်သေးအစိုးရ” တစ်ရပ် ပေါ်ပေါက် လာဖို့အတွက်  ကြိုးပမ်းနေပေမဲ့ အောင်မြင်သွားခဲ့ရင်တောင်မှ  “၄၇ နာရီတောင်ကြာမျာမဟုတ်ဘူး” လို့ပြောသွားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်  စတင်ခဲ့တဲ့ နိုင်ငံရေး ဖိအားပေးလှုံ့ဆော်မှုက ဗင်နီဇွဲလားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အချုပ်အခြာအာဏာ နဲ့ သဘာဝသယံဇာတတွေကို သိမ်းယူရန် ကြံစည်နေတာပါ လို့လည်း ပြောပါတယ်။  

“ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အချုပ်အခြာအာဏာနဲ့ ကျနော်တို့ရဲ့ စည်းစိမ်ဥစ္စာအားလုံးကို လွှဲပြောင်းပေးပြီး နိုင်ငံကို ကိုလိုနီအဖြစ် ပြောင်းလဲပေးမယ့် ရုပ်သေးအစိုးရတစ်ရပ် ဖြစ်လာအောင်လုပ်နေတာပါ။ ကျနော့်ကိုဖြတ်ချနိုင်ဖို့ကြိုးစားနေတာတွေက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး”လို့ ပြောပါတယ်။ 

ဗင်နီးဇွဲလားပိုင်ရေနံတွေကို အမေရိကန်က ခိုးယူနေတယ်လို့ စွပ်စွဲခဲ့ပြီး ဗင်နီးဇွဲလားဆီက ယူထားတဲ့အရာတွေကို တစ်ခုမကျန်ပြန်ယူမယ်လို့ လည်းပြောပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)