ရုရှားတရားရုံးတစ်ခုက ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲတဲ့ အမှုအား စတင်ကြားနာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားတရားရုံးတစ်ခုက ဘယ်လ်ဂျီယံဘဏ်ကို တရားစွဲတဲ့ အမှုအား စတင်ကြားနာပြီ


ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) 

ဘယ်လ်ဂျီယံဘဏ်ဖြစ်တဲ့ ယူရိုကလီးယားဘဏ်မှာ အပ်နှံထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရထားတဲ့ ဘဏ်တိုး ကန်ဒေါ်လာ ၂၃၀ ဘီလီယံကို ဥရောပသမဂ္ဂအား ထုတ်ပေးဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရုရှားဗဟိုဘဏ်( CBR )က ယူရိုကလီးယားကို တရားစွဲရန်အတွက် တရားရုံးတင်ရာ တရားရုံးက ကြားနာဖို့အတွက် စတင်လိုက်ပါပြီ။ 

ပြီးခဲ့တဲ့အပတ်ကတည်းက CBR သည် အီးယူနိုင်ငံတွေသိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုအမြောက်အများနဲ့ ပတ်သက်ပြီး  ကိုင်ဆောင်ထားတဲ့ဘဏ်တွေကို တရား၀င်တရားစွဲဆိုမှုများ စတင်ခဲ့ပါတယ်။  အီးယူသည် အရေးပေါ်အာဏာများကို အသုံးပြုပြီး ရုရှားပိုင်ဆိုင်မှုတွေကို ခေတ္တဆိုင်းငံ့ထားရန်အတွက် ဘဏ်တွေထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရုရှားဘက်ကတော့ အဲ့ဒိလိုလုပ်တာက ခိုးတာပဲလို့ စွပ်စွဲထားပါတယ်။  မော်စကို အနုညာတတရားရုံး မှတ်တမ်းများအရ အဆိုပါတရားစွဲဆိုမှုကို သောကြာနေ့တွင် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ် ။ 

ယူရိုကလီးယား ဘဏ်က တရားစွဲခံရပြီး တရားရုံးက စီရင်ချက်လိုက်တာနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှု အန္တရာယ်များ ပါ၀င်ပြီး အခြားနိုင်ငံတွေက အဲ့ဒိဘဏ်တိုးတွေကို ထုတ်ယူပါက ယူရိုကလီးယားက  ဒေဝါလီခံရနိုင်တယ်လို့ ရုရှားဗဟိုဘဏ်က ပြောပါတယ်။ 

ယူရိုကလီးယား ဘက်ကတော့ သူတို့အနေနဲ့ အီးယူရဲ့ ပိတ်ဆို့အရေးယူမှုများ နဲ့ အီးယူလုပ်ဆောင်နေတဲ့ တရားစီရင်ပိုင်ခွင့်ဘောင် ထဲမှာ ဥပဒေသတ်မှတ်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က အီးယူမှာ အများသဘောတူညီချက်နဲ့ အရေးပေါ်သဘောတူစာချုပ် အပိုဒ် ၁၂၂ ကို ခေါ်ဆိုပြီး ရုရှားပိုင်ဆိုင်မှုများကို ယာယီပိတ်ထားခဲ့ပါတယ်။ ဥရောပကော်မရှင် အကြီးအကဲ အာဆူလာဗွန်ဒါလီယန် က ယူကရိန်းကို ပိုက်ဆံချေးဖို့ အဲ့ဒိဘဏ်တိုးတွေကို သုံးဖို့အကြံပြုခဲ့ပါတယ်။ 

ဥပဒေပညာရှင်တွေကတော့ အဆိုပါအပိုဒ်သည် စစ်ပွဲများကို ငွေကြေးထောက်ပံ့ရန် သို့မဟုတ် နိုင်ငံခြားပိုင်ဆိုင်မှုများကို သိမ်းယူရန် မည်သည့်အခါမျှ မရည်ရွယ်ဘဲ အီးယူပိုင် ပိုက်ဆံတွေနဲ့သာ ထောက်ပံ့ရမယ်လို့ ငြင်းခုံထားပါတယ်။ 


REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)