ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ


ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) 

ဗြိတိန်နိုင်ငံပိုင် ရုပ်သံလိုင်း ဘီဘီစီက  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မိန့်ခွန်းကို လိုတဲ့နေရာလေးတွေပဲရွေးပြီး တည်းဖြတ်ပြီး ထုတ်လွှင့်ခဲ့တဲ့အတွက် အဲ့ဒိ ဗီဒီယိုဖိုင် က ဒေါ်နယ်ထရမ့်ကို အသရေဖျက်သလို ဖြစ်သွားတာကြောင့် အခုတော့ ထရမ့်က အသရေဖျက်မှုနဲ့ တရားစွဲပြီး ကန်ဒေါ်လာ ၁၀ ဘီလီယံ ရလိုကြောင်း တရားရုံးကို လျှောက်ထားတယ်လို့ သိရပါတယ်။ 

တနင်္လာနေ့တွင် မိုင်ယာမီရှိ ဗဟိုတရားရုံးတွင် တင်သွင်းသည့် တရားစွဲဆိုမှုမှာ ဘီဘီစီရဲ့ ရုပ်သံတည်းဖြတ်မှုတွေ ကို ပြန်ပြခဲ့ပါတယ်။  “သူတို့က ကျနော့်ကို တစ်ခါမှ မပြောဖူးတဲ့ အရာတွေကို ပြောခိုင်းတယ် ပြီးတော့… သူတို့က ကျနော့်ရဲ့ ပါးစပ်ထဲကို ကြောက်စရာကောင်းတဲ့ စကားလုံးတွေ ထည့်ထားတယ်” လို့ ထရမ့် က မနေ့က လုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောသွားပါတယ်။ 

အဆိုပါ တည်းဖြတ်မှုကြောင့် သမ္မတ ထရမ့် က အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဖို့အတွက် တိုက်ရိုက်ခေါ်ဆိုမှု ပြုလုပ်ခဲ့သလိုဖြစ်သွားတာကြောင့် ထရမ့်ကိုထောက်ခံသူတွေဆီမှာ မှားယွင်းသောထင်မြင်ယူဆချက် ဖြစ်သွားခဲ့တာမို့လို့ တရားဝင် တောင်းပန်စာ ထုတ်ပြန်ခဲ့ကြောင်း ဘီဘီစီ မှ ပြီးခဲ့သည့်လက ဝန်ခံခဲ့ပါတယ်။ ဥက္ကဋ္ဌ ဖြစ်သူ စာမီယားရှာ က ထရမ့် ထံ "စိတ်ရင်းမှန်ဖြင့် နောင်တရပါတယ်" လို့ တိုက်ရိုက်ရေးသားခဲ့ပြီး အဆိုပါအပိုင်းကို ပြန်လည်ထုတ်လွှင့်ခြင်းမပြုရန် ကတိပြုခဲ့ပါတယ်။ 

ပြီးခဲ့သည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အလို မှာ အဲ့ဒိဗီဒီယိုဖိုင်ကို ဘီဘီစီက ထုတ်လွှင့်ခဲ့ပါတယ်။ အဲ့ဒိမှတ်တမ်းရုပ်ရှင်ကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အပြောင်းအလဲတစ်ခုဖြစ်သွားနိုင်တဲ့ အထိ သက်ရောက်ခဲ့ပါတယ်။ တရားစွဲဆိုမှုတွင် ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်က ရွေးကောက်ပွဲရလဒ်အား ဝင်ရောက်စွက်ဖက်ရန်နှင့် သြဇာလွှမ်းမိုးရန် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

ဖလော်ရီဒါပြည်နယ် ဥပဒေပါ လှည့်ဖြားမှုနှင့် တရားမျှတမှုမရှိသော ကုန်သွယ်မှုအက်ဥပဒေ အရ အသရေဖျက်မှုအတွက် နစ်နာကြေးဒေါ်လာ ၅ ဘီလီယံ အပြင် နောက်ထပ်ဒေါ်လာ ၅ ဘီလီယံကို ထပ်ဆောင်း တောင်းခံလိုက်တာပါ။ တရားရေးအဖွဲ့ဝင်များကလည်း ရုပ်သံထုတ်လွှင့်သူ၏အပြုအမူကို "အန္တရာယ်ရှိတယ်"လို့ ဖော်ပြခဲ့ပြီး ရွေးချယ်တည်းဖြတ်မှုသည် "မတော်တဆဖြစ်ရခြင်းမျိုး ဘယ်တော့မှမဖြစ်နိုင်ဘူး"လို့လည်း ဆိုပါတယ်။ 

 

REF: RT

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)