ရွေးကောက်ပွဲကို နှောက်ယှက်ရန်ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်ဟု မဟုတ် မမှန်သတင်းများဖြင့် ဝါဒဖြန့်နေခြင်းဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွေးကောက်ပွဲကို နှောက်ယှက်ရန်ရည်ရွယ်၍ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်ဟု မဟုတ် မမှန်သတင်းများဖြင့် ဝါဒဖြန့်နေခြင်းဖြစ်


နေပြည်တော်၊ ဒီဇင်ဘာ ၁၆

အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ်မှ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်နေခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဒုတိယသားဖြစ်သူ ကင်မ်အဲရစ် ၏ လုပ်ကြံဖန်တီးရေးသားမှုနှင့် ပတ်သက်၍ "၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှုပြုလုပ်ခဲ့မှု အပါအဝင် အမှုပေါင်းများစွာဖြင့် အကျဉ်းကျခံနေ သည့် ဒေါ်အောင်ဆန်းစုကြည် ကို သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီး ဖြစ်နိုင်သည်ဟု ယခုရက်ပိုင်းတွင် အချိန်ကိုက် ပြောဆိုလာမှုကို ပြည်ဖျက်မီဒီယာများကလည်း သတင်းတု၊ သတင်းအမှားများဖြင့် ပုံကြီးချဲ့ လှုံ့ဆော်ဝါဒဖြန့်ဝေလျက် ရှိကြောင်း၊ အဆိုပါ သတင်းသည် သတင်းအမှားသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပါကြောင်းနှင့် မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်လိုသည့်အတွက် အချိန်ကိုက် လုပ်ကြံဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

မဲလိမ်မဲခိုးမှုများပြုလုပ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည် က "ကျွန်မရဲ့အယူအဆကတော့ မဲပေးပိုင်ခွင့်ရှိတာနဲ့အမျှ တာဝန်လည်းရှိတယ်။ ကိုယ့်နိုင်ငံအတွက် တာဝန်ယူချင်တဲ့စိတ်က လူတိုင်းလူတိုင်းမှာ ရှိရမယ်။ ကိုယ်ကြိုက်သလိုမဲပေးရမယ်။ ဒါပေမဲ့ မဲမပေးဘဲနဲ့တော့ ဒီစနစ်ကြီးကိုမကြိုက်ဘူးတို့၊ ဟိုဟာမကြိုက်ဘူးတို့၊ ဒီဟာမကြိုက်ဘူးတို့ပြောတာက အင်မတန်တာဝန်မဲ့တာပဲ။ ငါးနှစ်မှာမှ တစ်ရက်အချိန်ပေးရတဲ့တာဝန်ကိုကျေပွန်အောင် နိုင်ငံသူနိုင်ငံသားအားလုံးကလုပ်ဖို့လိုပါတယ်" ဟု ပြောခဲ့ဖူးသည်။

၂၀၂၀ပြည့်နှစ်၊ သြဂုတ် ၅ ရက်မနက်ပိုင်းက သမ္မတ အိမ်တော်တွင် ပြုလုပ်သည့် ကိုဗစ်ကာလ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးမြင့်နိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ် ဦးထက်အောင်တို့နဲ့ အွန်လိုင်းမှ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရက စီစဉ်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင် ယခင် NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် အပေါင်းအပါ မီဒီယာများက နည်းမျိုးစုံဖြင့် အဖျက်အမှောင့် ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ကွယ်လွန်ပြီဟု မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ဖြန့်ချိ၍ အများသူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လျက်ရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)