‎လောင်းလုံးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

‎လောင်းလုံးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ဖြန့်ဝေ


လောင်းလုံး ၊  ဒီဇင်ဘာ ၁၀

‌‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ “ဒို့အတူတူ မဲပေးကြမယ်”  လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲက ထားဝယ်-လောင်းလုံးကမြောကင်းတံတားထိပ်နှင့် ထားဝယ်တက္ကသိုလ်ကျောင်း၌လည်းကောင်း၊ လူစည်ကားရာနေရာများတွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။

‎အဆိုပါ ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာ‌စောင်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးအောင်မြတ်ထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ‎ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)