မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်(၁၀၀)နှင့်အထက်ရှိ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ (၁၂)ခုအား ကွင်းဆင်းကြည့်ရှု



မော်လမြိုင်  ၊ ဒီဇင်ဘာ ၁၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် မွန်ပြည်နယ်အတွင်းရှိ နှစ်(၁၀၀)နှင့်အထက် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံ (၁၂) ခုမှ သင့်လျော်သော  ရှေးဟောင်းအဆောက်အအုံကို ရှေးဟောင်းအဆောက်အအုံ မှတ်တမ်း အမွေအနှစ်ကမ္ဗည်း မော်ကွန်းကြေးပြား တပ်ဆင်နိုင်ရေးအတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးတင်‌ဇော်ထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ရတနာဘုံမြင့်ကျောင်း၊ အမှတ်(၈) အခြခံပညာအလယ်တန်းကျောင်းဝန်းအတွင်းရှိ စတုတ္ထသမီးတော်ဆောင်၊ ဆရာတော်စံကျောင်း (ပဋါနိကာရုံကျောင်း) တို့အား (၈-၄-၂၀၂၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၁/၂ဝ၂၂)အရ သတ်မှတ်ခဲ့သည့် ရှေးဟောင်း အဆောက်အအုံ (၃)ခု အဖြစ်လည်းကောင်း၊ အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း နော်မန်ဆောင်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရုံးခန်းဆောင်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပင်မဆောင်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပင်မဆောင်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ပင်မဆောင်(ရာပြည့်ဆောင်)၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မြစိမ်းဆောင်၊ နီလာဆောင်၊ ပတ္တမြားဆောင်၊ သိင်္ဂီဆောင်တို့အား (၆-၁၁-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၀/၂ဝ၂၄)အရ သတ်မှတ်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံ (၉)ခုတို့အား ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အဦများ ပျက်စီးယိုယွင်းမှု မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ပြုပြင်ထိန်းသိမ်းမှုများတွင် ရှေးမူလပုံစံ မပျက်ထိန်းသိမ်းဆောင်ရွက်ကြစေရန် မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)