ကသာမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင် အတည်ပြုတပ်ဆင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကသာမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM)မဲပေးစက်တွင် အတည်ပြုတပ်ဆင်



ကသာ ၊  ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲရုံ ၁၈ ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ပွဲတွင် ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များ၊ မဲပေးရာတွင်အသုံးပြုမည့်  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်များအား  SD ကတ်ထည့်သွင်းခြင်း၊ BU paper များ တပ်ဆင်ခြင်း၊ ဘက်ထရီအားသွင်းခြင်း၊ စက်များစစ်ဆေးခြင်းနှင့် Installation  ပြုလုပ်ခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ကသာမြို့(၃၀၉) ခြေမြန်တပ်ရင်းတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ တပ်ဆင်‌ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အလုံး ၁၀၀ အား နည်းပညာအထောက်အကူပြုအဖွဲ့နှင့်စက်ကိုင်အဖွဲ့တို့က တပ်ဆင်ပြီး မဲပေးစက်များ၏ လုပ်ဆောင်ချက် မှန်ကန်မှုရှိမရှိတို့ကို တာဝန်ရှိသူတို့က စစ်ဆေးဆောင်ရွက်သည်။

ထိုသို့ တပ်ဆင်စစ်‌ဆေးပြီးသည့် မဲပေးစက်များအား စနစ်တကျသိမ်းဆည်းကာ လာမည့် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်အသုံးပြုရန်အတည်ပြုတပ်ဆင်ထားခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌မိုး‌ကျော်လွင် ထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)