ကန့်ဘလူ ၊ ဒီဇင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော ဘူးသွင်းဆီများတွင် ကုန်အညွှန်းအမှတ်အသား၊ ပိဿာ /ကျပ်သားတို့ကို ညွှန်ကြားချက်နှင့်အညီ ရောင်း ချခြင်းရှိမရှိတို့ကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့်ဝန်ထမ်းများ၊ မြို့မစျေးတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စျေးအတွင်းရောင်းချ လျက်ရှိသော ဘူးသွင်းဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိမရှိ၊ အလေးချိန်မှန်ကန်မှုရှိမရှိ၊ ဆန်လက်လီအရောင်းဆိုင်များ၌ စျေးကစားရန်၊ စျေးနှုန်းမြှင်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိမရှိတို့ကို စစ်ဆေးပြီး စားသုံးသူရေးရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သုံးစွဲသူပြည်သူများအား သတ်မှတ်ချက်နှင့်အညီ အသုံးပြုနိုင်စေရန်၊ ချမှတ်ထားသည့် စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်နိုင်စေရန်တို့အတွက် ယခုလိုကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက ပြောပြသည်။
အောင်ဝင်းငြိမ်;
https://t.me/MyanmarNationalPost
No comments:
Post a Comment