ပူတာအိုမြို့၌ မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကွန်ပျူတာ စာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုမြို့၌ မဲပေးစက်ထပ်မံရှင်းလင်းပြသခြင်းနှင့် မဲဆန္ဒရှင်စာရင်းများ ကွန်ပျူတာ စာရင်းရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်




ပူတာအို ၊  ဒီဇင်ဘာ ၉


ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၅-ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးစက် ကိုင်သွယ် ထိန်းချုပ်မည့် မဲရုံတာဝန်ကျသူများအား မဲပေးစက်ကိုင်သွယ်နည်း ထပ်မံရှင်းလင်းပြသခြင်းနှင့် မဲစာရင်းများပြည့်စုံမှန်ကန်လာစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကြေညာကပ်ထားရာတွင် မဲဆန္ဒရှင်များမှ ပုံစံများတွင်ဖြည့်စွက်လျှောက်ထားတောင်းဆိုသည့် စာရင်းများအား ကွန်ပျူတာစာရင်းသွင်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ မဲပေးစက်ထိန်းချုပ်သူ မဲရုံတာဝန်ကျအဖွဲ့ဝင်များမှ မဲပေးစက်ကိုင်သွယ်နည်း မရှင်းလင်းသည်များကို ထပ်မံရှင်းလင်းသင်ကြားပြသပေးမှု ဆောင်ရွက်ခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဒုတိယအကြိမ် မဲစာရင်းကြေညာကပ်ထားရာတွင် မဲဆန္ဒရှင်များမှ တောင်းဆိုသည့် ပုံစံ-(၃)၊ မပါဝင်သင့်သူများအား ကန့်ကွက်သည့် ပုံစံ-(၄)၊ အချက်အလက်မှားယွင်းမှုများပြင်ဆင်ခြင်း ပုံစံ-(၄-ဂ)တို့ဖြင့် လျှောက်ထားမှုများကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကွန်ပျူတာစာရင်းသွင်းခြင်း လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ဖုန်ကန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)