သရက်ချောင်း ၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူ မဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီခွဲက သရက်ချောင်းမြို့၊ မြိတ်-ထားဝယ်ကားလမ်းမပေါ်ရှိ Ve Ve လက်ဖက်ရည်ဆိုင် နံဘေး လူစည်ကားရာနေရာများတွင်လည်ကောင်း၊ မြို့နယ်စည်ပင်သာယာရေးဈေး အတွင်း/ အပြင်တို့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လှုံ့ဆော်ရေးပိုစတာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်မြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးအမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်စိုက်ထူခဲ့ပြီးနောက် လူစည်းကားရာနေရာများ၌ ပြည်သူများအား ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment