စဉ့်ကိုင် ၊ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါရှိသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မြို့မရပ်ကွက်၊ ရွှေစေတီဘုရားဝန်းအတွင်းရှိ ဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မကြာမီကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၁၈) နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအနက်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများ၊ ပျောက်ဆုံး/ ပျက်ဆီးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment