မြစ်သားမြို့နယ်တွင် ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူ များပြားလာ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်တွင် ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူ များပြားလာ



မြစ်သား ၊  ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက ဖီးကြမ်းငှက်ပျောဈေး ကောင်းမွန်လာသည့်အတွက် ဖီးကြမ်းငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်သူ များလာကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ငှက်ပျောသီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် သားတက်ဖြင့် မျိုးပွားခြင်း၊ အပင်တစ်သျှူးမျိုးပွားခြင်း စသည့်နည်းလမ်းများဖြင့် မျိုးပွား၍ စိုက်ပျိုးနိုင်သည်။ သားတက်ကို အပင်ခြေမှ (၂) ပေခန့်ချန်၍ (၃၊ ၄) ရက်ခန့် အရိပ်အောက်မှာ ခေတ္တအခြောက်ခံထားပြီး စိုက်ပျိုးချိန်တွင် စိုက်ပျိုးမည့်ကျင်းအတွင်း စပါးခွံ၊ မြေဆွေး၊ သစ်ရွက်ဆွေး၊ နွားချေးတို့ကိုမြေသားနှင့် ရောနှော၍ စိုက်ပျိုးရကြောင်း သိရသည်။

ငှက်ပျောစိုက်ပျိုးပြီးချိန် ပေါင်းမြက်များရှင်းလင်းရာတွင်လည်း ငှက်ပျောပင်၏ အမြစ်ထိခိုက်မှုမရှိစေရန် အထူးဂရုပြုရှင်းလင်းဆောင်ရွက်ပေးခြင်း၊ ရာသီကာလရေစိမ့်ဆင်းမှုကောင်းစေရန် အပင်ခြေရေမဝပ်အောင် ငှက်ပျော ပင်စည်ခြေကို မြေဖို့ခြင်း၊ ခြောက်သွေ့ဆွေးမြေ့နေသော အရွက်များကို စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခြင်း စသည်တို့ဖြင့် ငှက်ပျောပင်များအား စိုက်ပျိုးထားသင့်ကြောင်း သိရသည်။ 

မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဖီးကြမ်းငှက်ပျောက လူကြိုက်များပြီး ဈေးပိုရခြင်းကြောင့် တောင်သူအများစုက အားထားစိုက်ပျိုးကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)