သရက် ၊ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအားစစ်ဆေးခြင်း၊ မှတ်တမ်းများရေးသွင်းထားရှိပြီး မဲပုံးအတွင်း ထည့်သွင်းထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
မြို့နယ်သို့ရောက်ရှိလာသည့် ကြိုတင်မဲများအား မဲပုံးအတွင်းသို့ ထည့်သွင်းထိန်းသိမ်းထားရှိရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ စာရင်းဇယားများဖြင့် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား မဲပုံးအတွင်း စနစ်တကျထိန်းသိမ်းထားရှိမှုကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လုလင်(သရက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment