တောင်ငူ ၊ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အ.ထ.က(၂)၌ တောင်ငူမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယမန်နေ့နံနက်(၉) နာရီအချိန်က အ.ထ.က(၂) ဆရာကွန်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှဥက္ကဋ္ဌ ဦးဌေးဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သင်တန်းနည်းပြ ဦးစီးအရာရှိ ဦးအောင်ပြည့်ဖြိုးသူက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းထုတ်ပြန်ခြင်း၊ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များထုတ်ယူခြင်း၊ ဆန္ဒမဲပေးနိုင်ရေးပြင်ဆင်ခြင်း၊ လုံခြုံရေးအတွက်တာဝန်ပေးအပ်ခြင်း၊ မဲရုံများကို ကြီးကြပ်ခြင်း၊ ဆန္ဒမဲရလဒ်စာရင်းများပြုစုခြင်းနှင့် ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်များ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ စသည်တို့ကို ဆွေးနွေးပို့ချသည်။
အဆိုပါ ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းလမ်းညွှန်မှုသင်တန်းတွင် တောင်ငူမြို့နယ်အတွင်းရှိ ရပ်ကွက် (၂၇)ခု နှင့် ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စုစုပေါင်း (၅၆)ခုမှ ရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် (၁၁၂)ဦး တက်ရောက်သင်ကြား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment