အပစ်ရပ်ဖို့အတွက် ထိုင်းစစ်တပ်က အချက် ၃ ချက် တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အပစ်ရပ်ဖို့အတွက် ထိုင်းစစ်တပ်က အချက် ၃ ချက် တောင်းဆို





ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) 

ထိုင်းစစ်တပ် ရေဒီယိုနဲ့ ရုပ်မြင်သံကြား ဌာန မှာ ဒီကနေ့ပြုလုပ်တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကောင်စီရီ က အပစ်ရပ်ဖို့အတွက် အချက် ၃ ချက် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ 

သူက ( ၁ ) ကမ္ဘောဒီးယားသည် အပစ်အခတ်ရပ်စဲရေးကို ဦးစွာကြေညာရမည်၊ ( ၂ ) အပစ်အခတ်ရပ်စဲရေးသည် စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲရန် လိုအပ်ပြီး ခေတ္တရပ်တန့်ခြင်းမဟုတ်ဘဲ အသစ်ပြန်လည်ဖြစ်ပွားနိုင်တဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ထားရမည်။ ( ၃ ) ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းရှင်းလင်းရေးတွင် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည် တို့ပဲ ဖြစ်ပါတယ်။ 

အဲ့ဒိတောင်ဆိုချက်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားဘက်က တုံ့ပြန်မှုကိုတော့ မသိရသေးပါဘူး။ လက်ရှိအနေအထားအရ ကမ္ဘောဒီးယားနိုင်ငံဘက်က နယ်စပ်တစ်လျှောက်မှာ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး  တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ ထိုင်းဘက်ကတော့ နယ်စပ်ကို ဆက်လက်ကာကွယ်ထားပြီး ကမ္ဘောဒီးယားနိုင်ငံနယ်နမိတ်စည်းကို တွန်းပို့နိုင်မဲ့ အခြေအနေတွေ ရှိနေပါတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းပြည်သူတွေကို အာမခံထားပါတယ်။ 

ကမ္ဘောဒီးယားဘက်ကလာတဲ့ သတင်းအတုတွေမှာတော့ ထိုင်းစစ်သားတွေကို ဖမ်းမိထားတယ် လို့ ပြောနေတာကိုလည်း မဟုတ်မှန်ကြောင်း ဆူရာဆန့်ကရှင်းခဲ့ပါတယ်။


REF: The Nation

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)