အင်ဒိုနီးရှားက ဆန်တင်သွင်းမှုကို ပိတ်ထားဦးမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဒိုနီးရှားက ဆန်တင်သွင်းမှုကို ပိတ်ထားဦးမယ်


ဒီဇင်ဘာ - ၁၆ ( အင်္ဂါနေ့ ) 

အင်ဒိုနီးရှားရဲ့ ဆန်တင်သွင်းမှုကို တားမြစ်ထားတဲ့ မူဝါဒက ကမ္ဘာ့ဆန်ဈေးနှုန်းများ ကျဆင်းစေရန် အထောက်အကူ ဖြစ်စေကြောင်း စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး ဇယ်ကိဖ်လီ ဟာဆန် က ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။ 

"ကျနော် ကုန်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တုန်းက ကမ္ဘာ့ဆန်ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၆၅၀ ရှိပါတယ်။ သွင်းကုန် တားမြစ်မှုကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဈေးနှုန်းက ၄၀၀ အောက်အထိ ကျဆင်းသွားပါတယ်။ ကျနော်တို့ရဲ့ မူဝါဒက ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေ ရှိခဲ့တယ်" လို့ ဟာဆန်က ပြောပါတယ်။ 

အင်ဒိုနီးရှားက သမ္မတဟောင်း ပရာဘိုဝီ လက်ထက်တုန်းက  ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ခြင်းဖြင့် မူဝါဒပြောင်းခြင်းမပြုမီ ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၎င်းကဆိုပါတယ်။  

အင်ဒိုနီးရှားသည် ယမန်နှစ်က ဆန်တန်ချိန် ၄ ဒသမ ၅ သန်း တင်သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဆန်ပိုလျှံမှု တန်ချိန် ၄ ဒသမ ၇ သန်း စံချိန်တင်ခဲ့ကြောင်း ဟာဆန်က မှတ်ချက်ပြုခဲ့ပါတယ်။ နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ ဘူလော့ က လက်ရှိတွင် ဆန်တန်ချိန် ၃.၇ သန်းခန့်  ကို သိုလှောင်ထားပါတယ်။ 

စားနပ်ရိက္ခာရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီးဌာနရဲ့ အချက်အလက်များအရ ယခုနှစ်တွင် တစ်နိုင်ငံလုံး ဆန်ထုတ်လုပ်မှု တန်ချိန် ၃၄ ဒသမ ၇၇ သန်းအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃ ဒသမ ၅၄ ရာခိုင်နှုန်း တိုးမြင့်လာခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနသည် ယခုနှစ် ပြောင်းထွက်ရှိမှု တန်ချိန် ၁၆ ဒသမ ၅၅ သန်းတွင် စံချိန်တင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၉ ဒသမ ၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ လယ်သမားများအား စိုက်ပျိုးချိန်ဇယားနှင့်အညီ ထောက်ပံ့ရေးပစ္စည်းများကို လက်ခံရရှိစေတဲ့ အထူးသဖြင့် ဓာတ်မြေသြဇာများ ဝယ်ယူခြင်းနှင့် ဖြန့်ဖြူးခြင်းတွင် စည်းမျဉ်းစည်းကမ်းကို ရိုးရှင်းစေအောင် လုပ်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးလို့ ဆိုပါတယ်။ 

လယ်သမားများ စိုက်ပျိုးရာသီမတိုင်မီ ဓာတ်မြေသြဇာများ ရရှိနိုင်ခြင်းက စပါးထုတ်လုပ်မှု အပေါ် သိသိသာသာ အကျိုးသက်ရောက်မှုရှိပါတယ်။ လာမယ့် ၂၀၂၆ မှာ ဆန်ဖူလုံမှုရရှိရန် မျှော်လင့်ထားပါတယ်” လို့ ဟာဆန်က ဆိုပါတယ်။


REF: ANTARA

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)