မင်းလှမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်းလုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်းလုပ်ငန်းဆောင်ရွက်



မင်းလှ၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်ပြင်ပရောက်ရှိနေသူများ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ‌ စောရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်နှင့် ဝန်ထမ်းများက နိုင်ငံရေးပါတီများ ရှေ့မှောက်၌ မြို့နယ်ပြင်ပရောက်ရှိသူများ၏ ကြိုတင်ဆန္ဒမဲလက်မှတ်များဖွင့် ဖောက်စစ်ဆေးရေတွက်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ(၆)ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ (၅)ခု၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ(၅)ခုနှင့် ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ နိုင်ငံရေးပါတီ(၅)ခုရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကောက်မရှင်အဖွဲ့ခွဲမှ သိရသည်။


ပေါက်စ(မင်းလှ)

#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)