ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး





မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၇

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ရုံးများ၌ ကြိုတင်ဆန္ဒမဲလက်မှက်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျောင်းသား/ကျောင်းသူများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေသော အတွင်းလူနာများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ကြိုတင်ဆန္ဒမဲလက်မှက်များအား မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌လည်းကောင်း၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဗန်းမော်၊ မံစီ၊ မိုးမောက်မြို့နယ်များနှင့် ရွှေကူမြို့နယ်တို့မှလည်းကောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီအသီးသီးမှ အသိသက်သေများရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲများအား ဖွင့်ဖောက်ရေတွက် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)