ပုဇွန်တောင်၊ ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် အသံချဲ့ စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ပုဇွန်တောင်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်များတွင် နှိုူးဆော်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဖြည့်စွက် စိစစ်ပြီး မဲစာရင်းများကို ဒီဇင်ဘာ(၂၃)ရက်နေ့မှ(၂၅)ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ များတွင်လည်းကောင်း၊ ဒီဇင်ဘာ(၂၆)ရက်နေ့မှစ၍ ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီလ (၁၁) ရက်နေ့ မဲပေးခြင်းပြီးစီးသည့်အချိန်ထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း၊ ကပ်ထားကြေညာ မှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်မည့်နေ့တွင် မဲရုံသို့ သွားရောက်မဲမပေးနိုင်သည့် သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ အနာကြီးရောဂါစွဲကပ်နေသူများ၊ သားဖွားနေသူများအနေဖြင့် ကြိုတင်မဲပေးနိုင်ရန်အတွက် ပုံစံ-၁၃ ဖြင့်လျှောက်ထားနိုင်ပြီး ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းနှင့် ကြေညာထားသော မဲစာရင်းများရှိ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားပြီး ဇန်နဝါရီလ (၁၁)ရက်နေ့တွင် နံနက်(၆)နာရီမှ ညနေ(၄)နာရီအထိ သက်ဆိုင်ရာမဲရုံများသို့ သွားရောက်ဆန္ဒမဲပေး ကြရန် အသိပေးနှိုးဆော်ပါကြောင်းတို့ကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကျင်းပမည့် ရပ်ကွက်များ၌ တာဝန်ရှိသူတို့မှ လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
#News #MNP #2025Election



No comments:
Post a Comment