ကျောက်ဆည်မြို့၌ ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့၌ ဆန္ဒမဲပေး

 



ကျောက်ဆည်  ၊ ဒီဇင်ဘာ ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၀၁၁ ဦးရှိပြီး စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောက်ဆည်မြို့နယ်အတွင်းရှိ မဲရုံများ၌ ဆန္ဒမဲပေးမည့်ပြည်သူများအနေဖြင့် မဲရုံဖွင့်လှစ်မည့် နံနက် ၆ နာရီ မထိုးခင်ကပင် ဆန္ဒမဲပေးရန် ရောက်ရှိနေကြကြောင်း ဆူးကုန်းရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၉၅ အုပ်စု၊ မဲရုံ ၁၈၉ ရုံ၊ အမျိုးသားမဲဆန္ဒရှင် ၈၈၈၅၆ ဦး၊ အမျိုးသမီးမဲဆန္ဒရှင် ၁၀၁၂၅၅ ဦး၊ စုစုပေါင်း ၁၉၀၁၁၁ ဦး ရှိကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)