ပြင်ဦးလွင်၊ ဒီဇင်ဘာ ၁၄
ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းဇော်နှင့်အဖွဲ့များ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယနေ့ ဦးဝင်းဇော်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များသည် ပြင်ဦးလွင်မြို့နယ်၊ သရက်ပင်အင်းကျေးရွာ၊ ဆင်ခေါင်းလေးကျေးရွာ၊ လေးအိမ်စုကျေးရွာသို့ လှည့်လည်ပြီး မဲဆန္ဒရှင်ပြည်သူများထံ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းဇော် သည် ဒေသခံပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနေသူတစ်ဦးဖြစ်ခြင်းကြောင့်လည်း ဒေသခံပြည်သူများကြားတွင် ယုံကြည်လက်ခံကြသည်။
ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့များအနေဖြင့် ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးရွာများကို စဉ်ဆက်မပြတ် လှည့်လည် ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကာ မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များ ဆွေးနွေးတင်ပြမှုများကိုလည်း မှတ်တမ်းထားရှိပြီး ပြန်လည်ရှင်းလင်း ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြသည်။
#MNP #News #2025Election









No comments:
Post a Comment