ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ (၁၄-၁၂-၂၀၂၅) ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က Online လိမ်လည်မှု ခံရရင် ကိုယ်တစ်ဦးထဲကြိတ်မဖြေရှင်းဘဲ တာဝန်ရှိသူတွေကို သတင်းပို့ တိုင်ကြားရန် ထည့်သွင်းပြောကြားသွားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်း က "နောင်ဒီလို ကိစ္စတွေ ထပ်မံမလုပ်နိုင်အောင်၊ မခိုအောင်းနိုင်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ရရှိထားတဲ့ မှတ်တမ်းမှတ်ရာတွေ၊ စစ်ဆေးချက်တွေကို အချိန်တန်ရင် ထပ်မံ သတင်းထုတ်ပြန်မှုတွေ ဆောင်ရွက်သွားပါမယ်။ Online လိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သူလူထုကို ပြည်တွင်း Media တွေ ကနေတစ်ဆင့် အသိပေး၊ သတိပေးနေတာတွေရှိပါတယ်။ Online လိမ်လည်မှုရဲ့ သားကောင်တွေ မဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပုံစံမျိုးစုံနဲ့ အသိပေးနေပါတယ်။ ဒီအထဲကမှ အရေးကြီးတဲ့ အချက်အချို့ကို ပန်ကြားလိုပါတယ်။ (တစ်) Online ကနေ၊ ဖုန်းထဲကနေရောက်လာတဲ့ ကိုယ် မသိတဲ့ Link တွေကို မဖွင့်ဖို့၊ ကိုယ်မသိတဲ့ Message တွေကို မကြည့်ဖို့ လိုပါတယ်။ (နှစ်) Online လိမ်လည်မှု ခံရရင် ကိုယ်တစ်ဦးထဲကြိတ်မဖြေရှင်းဘဲ တာဝန်ရှိသူတွေကို သတင်းပို့ တိုင်ကြားပေးပါ။ ခင်ဗျားတို့ရဲ့ သတင်းပေးတာ၊ တိုင်ကြားတာ ကျွန်တော်တို့အတွက် အလွန်တန်ဖိုးရှိပါတယ်။ ဒီကနေ ကွင်းဆက် လိုက်ပြီး လိမ်လည်သူတွေကို ကျွန်တော်တို့ နှိမ်နင်းနိုင်ပါမယ်။ (သုံး) အစိုးရတာဝန်ရှိသူများ (Government Authority)အပေါ် ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီ Online လိမ်လည်မှု(Online Scam) Online လောင်းကစားမှု(Online Gambling) တွေအပေါ် ဆက်လက်လုပ်ဆောင်သွားမယ့် မူဝါဒနဲ့ နည်းလမ်းများကို လူကြီးမင်းတို့ကို လေးစားစွာ အသိပေးလိုပါတယ်။ (တစ်) Online (Online Scam)। Online (Online Gambling) မှုတွေဟာ လူများစုအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုများဖြစ်ကြောင်း ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရက သတ်မှတ်ပါတယ်။ ကျွန်တော်အစိုးရရဲ့ မူဝါဒက Zero Tolerance Policy ပါ။ နည်းနည်းလိမ်သည်ဖြစ်စေ၊ များများလိမ်သည်ဖြစ်စေ၊ ခွင့်လွှတ်မှုမရှိစေရ၊ ရေဆုံးရေဖျား လိုက်လံနှိမ်နင်းချေမှုန်းမှာဖြစ်ပါတယ်။ (နှစ်) ကျွန်တော်တို့ အစိုးရ ကျင့်သုံးမယ့်နည်းလမ်း(Method)က Aggressive Crackdowns Method ပြင်းပြင်းထန်ထန် နှိမ်နင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒါတွေကိုဆောင်ရွက်ဖို့ (အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ)ကို ၁၀-၁၂-၂၀၂၅ ရက်နေ့မှာ အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့် ကျွန်တော်တို့ ဖွဲ့စည်းပြီးဖြစ်ပါတယ်" ဟု ပြောသည်။
"မြန်မာပြည်သူလူထုကြီးခင်ဗျာ။ Your Safety is Our Responsibility ပါ။ ပြည်သူလူထုလုံခြုံမှုရှိရေးသည် ကျွန်တော်တို့ရဲ့ အဓိက တာဝန်ပါ။ Your Trust is Our Priority ပါ။ ခင်ဗျားတို့ရဲ့ ယုံကြည်မှုသည်သာ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားပါ" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း က ထည့်သွင်းပြောကြားသွားသည်။
#MNP #News #Yangon

No comments:
Post a Comment