သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး





နေပြည်တော်၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ- သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့၏ တောင်ဘက်မီတာ ၇၀၀၀ ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့ဆုတ်ခွာထွက်ပြေးစဉ် ဇရပ်ကွင်းကျေးရွာအနီး မန္တလေး-မတ္တရာ-သပိတ်ကျင်းသွား ကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အား ဆက်သွယ်ထားသည့် တံတားအရှည် ၈၀ ပေ၊ အကျယ် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင်များ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုကြောင့် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)