လက်ပံတန်း၊ ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အဖွဲ့ဝင်များသည် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ လိုက်ပါလျက် လက်ပံတန်းမြို့နယ် မကျီးကွင်းကျေးရွာအုပ်စု အ.ထ.က (မကျီးကွင်း) မဲရုံ၌ လက်တွေ့သရုပ်ပြမဲပေးခြင်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အ.ထ.က (မကျီးကွင်း) မဲရုံအတွင်း လွှတ်တော်အလိုက် မဲပေးစက်များ ခင်းကျင်းဆောင်ရွက်ထားမှု၊ မဲစာရင်းစစ်ဆေးမှု၊ လက်တွေ့ သရုပ်ပြမဲပေးဆောင်ရွက်နေမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment