အလုံ၊ ဒီဇင်ဘာ ၇
အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ ဝေဘာဂီလမ်းထောင့်တွင် ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကမ်ပိန်းကို ယနေ့နံနက် ၈နာရီ ကပြုလုပ်ခဲ့သည်။
ထိုသို့ ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းကို အလုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများက ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည် ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးစို့ စာသားပါ မြေစိုက်ပိုစတာ Billboard များကို စိုက်ထူခြင်း ဒို့အတူတူမဲပေးကြမည် စာသားပါ ရွေးကောက်ပွဲနှိုးဆော်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား လမ်းသွားလမ်းလာပြည်သူများ၊ ဈေးသည်များ၊ Taxi ယာဉ်များပေါ်ရှိ ခရီးသည်ပြည်သူများသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်း ပြုလုပ်ရာသို့ အလုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အလုံမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်မှူး ဦး၀င်းမြင့်နှင့် ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ
https://t.me/MyanmarNationalPost
No comments:
Post a Comment