ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာအားကစားလအထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်မဲမြို့နယ်တွင် ဒီဇင်ဘာအားကစားလအထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ




ကျောက်မဲ၊ ဒီဇင်ဘာ ၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမဝင်းအတွင်း၌ ယမန်နေ့က ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် လူထုအားကစားပြိုင်ပွဲအဖြစ် အလွတ်တန်း အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့သည်။


ဗိုလ်လုပွဲတွင် ၆ ကွက် (က) အသင်းနှင့် စတားလိုက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ၆ ကွက် (က) အသင်းက နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် အနိုင်ရ၍ ဗိုလ်စွဲ ချီးမြှင့်ခံရခဲ့သည်။ 

ထို့နောက် ဆုချီးမြှင့်ပွဲတွင် ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်‌ရွှေနှင့် တာဝန်ရှိသူများက တတိယဆုအတွက် ငွေကျပ် ၁ သိန်း၊ ဒုတိယဆုအတွက် ငွေကျပ် ၁ သိန်း ၅သောင်း၊ ပထမဆုအတွက် ငွေကျပ် ၂ သိန်း၊ ဆုတံဆိပ်များနှင့် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် လူထုအားကစားပြိုင်ပွဲအဖြစ် အလွတ်တန်း အမျိုးသား (၃) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၅ ရက်မှ ၆ ရက်နေ့ထိ ကျင်းပခဲ့ပြီး ကျောက်မဲမြို့နယ်အတွင်းမှ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)