စစ်ကိုင်း ၊ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဖြစ်သော “ဒို့အတူတူမဲပေးကြမယ်” Billboard (၂)ခုကို မန္တလေး - မုံရွာ ကားလမ်းမပေါ်ရှိ အသင်္ခရာစောယွန်း အဝိုင်းတွင် ယမန်နေ့နံနက်ပိုင်းက စိုက်ထူခဲ့ ကြောင်း သိရသည်။
အဆိုပါ ဒို့အတူတူ မဲပေးကြမယ် Billboard စိုက်ထူထားရာနေရာတွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေသော “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး မော်တော်ယာဉ်များသို့ စတစ်ကာများ ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အသိပညာပေး လုပ်ငန်းများအဖြစ် စစ်ကိုင်းမြို့၊ အသင်္ခရာစောယွန်း အဝိုင်းတွင် (၃၉ ပေ x ၁၃ ပေ) ရှိသည့် “ဒို့အတူတူ မဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” Billboard (၂) ခု စိုက်ထူခြင်း၊ မော်တော်ကားများသို့ စတစ်ကာများ ကပ်ပေးခြင်းနှင့် မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းခြင်းများတွင် မိဘပြည်သူများထံအရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအပြင် စောယွန်းရွှေမြေ Facebook Page, Telegram နှင့် Tiktok များတွင်လည်း ပြည်သူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နေ့စဉ်လွှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု
https://t.me/MyanmarNationalPost
No comments:
Post a Comment