ညောင်ရွှေမြို့နယ် ပညာရေးဝန်ထမ်းများ ငွေစုငွေချေးနှင့် GEC သမဝါယမအသင်းတို့၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ရွှေမြို့နယ် ပညာရေးဝန်ထမ်းများ ငွေစုငွေချေးနှင့် GEC သမဝါယမအသင်းတို့၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


ညောင်ရွှေ ၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ပညာရေးဝန်ထမ်းများ ငွေစုငွေချေးနှင့် GEC သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်ထွန်းက သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် အသင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဌတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ထမ်းများ ငွေစုငွေချေးနှင့် GEC သမဝါယမအသင်းတို့၏ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် Grade - 12 အောင်မြင်သည့် အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)