ပခုက္ကူ ၊ ဒီဇင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပြည်သူအခြေပြုဆုံ ဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုကို ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအဖြစ် ပခုက္ကူမြို့ရှိ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁) နှင့် (၂) ဆေးထိုးစုရပ်နှစ်ခု၌ အသက် ၅ နှစ်မှ ၇ နှစ်အရွယ်ကလေးငယ်များအား ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးတို့ကို ကွင်းဆင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment