စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူရဲ့ အိမ်ကို နိုင်ငံတော်အထိမ်းအမှတ် ပြတိုက်အဖြစ် ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူရဲ့ အိမ်ကို နိုင်ငံတော်အထိမ်းအမှတ် ပြတိုက်အဖြစ် ကြေညာ



ဒီဇင်ဘာ - ၁၇ ( ဗုဒ္ဓဟူးနေ့ ) 

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူနေထိုင်ခဲ့တဲ့ အောက်စလေလမ်းက အိမ်အမှတ် ၃၈ ကို စင်ကာပူနိုင်ငံရဲ့  ၇၇ ခုမြောက် နိုင်ငံတော်အထိမ်းအမှတ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က တရားဝင်ကြေညာခဲ့ပါတယ်။ သည်။ အဲ့ဒိကြေညာချက်ကို အမျိုးသားအမွေအနှစ်ဘုတ်အဖွဲ့ (NHB)၊  ယဉ်ကျေးမှု၊ လူမှုရေး နဲ့  လူငယ်ရေးရာ ဝန်ကြီးဌာန (MCCY) တို့က ကြေညာခဲ့တာပါ။ 

ယဉ်ကျေးမှု၊ လူမှုရေး နဲ့ လူငယ်ရေးရာဝန်ကြီး ဒေဗစ်နီယို က အထိမ်းအမှတ်နေရာအား ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေ ၂၀၀၉ အရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ အဆိုပါအမိန့်က ပြီးခဲ့တဲ့အပတ် စနေနေ့တွင် အသက်ဝင်ခဲ့ပါတယ်။ 

အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး လီကွမ်ယူရဲ့ သား လီရှန်ယန်က ကန့်ကွက်စာတစ်စောင်ကို ဝန်ကြီးချုပ်ရုံးနဲ့ NHB ရုံးကို ပေးပို့ခဲ့ပါတယ်။ သူ့ရဲ့ပေးပို့စာမှာ အဖေဖြစ်သူ လီကွမ်ယူက ဘဝတစ်လျှောက်လုံးနေဖူးတဲ့ အိမ်တွေထဲမှာ အဲ့ဒိ အောက်စလေလမ်း အိမ်အမှတ် ၃၈ ကို ဖြိုချချင်ဆုံး အိမ်ဖြစ်တယ်လို့ ပါရှိပါတယ်။ 

"အထိမ်းအမှတ်အဆောက်အအုံများ ထိန်းသိမ်းခြင်းအက်ဥပဒေအောက်တွင် ဖွဲ့စည်းထားသောလုပ်ငန်းစဉ်များ နှင့်အညီ NHB သည် ကန့်ကွက်လွှာကို ပြန်လည်သုံးသပ်ပြီး ၎င်းနေရာကို သမိုင်းဝင် နဲ့  အမျိုးသားရေး အတွက် အရေးကြီးတဲ့နေရာဖြစ်လို့ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံ အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း ၎င်းရဲ့ အကြံပြုချက်ကိုတော့ ဆက်လက်ထိန်းသိမ်းထားပါမယ်" လို့ MCCY နှင့် NHB မှပြောကြားခဲ့ပါတယ်။ 


REF: Tempo

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)