ကျောက်ဆည် ၊ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များမှ တစ်ပိဿာ ငွေ(၇၃၈၀)ကျပ်ဖြင့် စားအုန်းဆီ(၂၀၀၄)ပိဿာအား ရပ်ကွက်တစ်ရပ်ကွက်နှင့်ကျေးရွာ (၁၃)ရွာအား ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအသင်းဝင် စားသုံးဆီလက်လီ၊ လက်ကားအရောင်းဆိုင်များဖြစ်သည့် ဒေါ်သဇင်အောင်(နေလသုခ)၊ ဒေါ်စန်းစန်ဌေး (နေလသုခ-၂)၊ ဦးတင်လင်းအောင်(အမေထွား)၊ ဒေါ်သက်သက်မွန်(အနန္ဒဂုဏ်)၊ ဒေါ်ကေဇာခိုင် (ဗိုလ်တစ်ထောင်)၊ ဒေါ်သီတာ (စစ်ငြိမ်း)၊ ဆီအရောင်းဆိုင်မှ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်နှင့် အရှေ့သံရွာ၊ အေးရွာ၊ လွှဲရွာ၊ သပြေကုန်း၊ ညွှန့်ပင်၊ ညောင်ပင်ဇောက်၊ ငှက်ကတောင်၊ တောင်နံ့သာ၊ တောင်နောက်၊ ချောင်းဆုံ၊ အနောက်ရွာတော်၊ ဆူးလေကုန်း၊ ကြောင်ပန်းကုန်းကျေးရွာများရှိ ပြည်သူများအား စုစုပေါင်းစားသုံးဆီ(၂၀၀၄)ပိဿာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးသည့် စားအုန်းဆီများကို (Resouries Group Trading Co,Ltd မှ တစ်ပိဿာ ရည်ညွှန်းဈေး ငွေ(၆၂၈၀)ကျပ်ဖြင့်ဝယ်ယူခဲ့ပြီး တစ်ပိဿာငွေ(၇၃၈၀)ကျပ်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအသင်းမှပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment