မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊အမျိုးသား ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ



မိတ္ထီလာ  ၊ ဒီဇင်ဘာ ၁၂

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသမီး၊ အမျိုးသားကြက်တောင်ရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာစာအသင်းနှင့် သင်္ချာအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဓာတုဗေဒအသင်းနှင့် မြန်မာစာအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်‌ဒေါက်တာ နေအောင်၊ ဒုတိယပါမောက္ခချုပ်ဒေါက်ကျော်လင်း၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အားပေးကြည့်ရှုကြသည်။ အဆိုပါ အမျိုးသားကြက်တောင် ရိုက်ပြိုင်ပွဲတွင် ဘူမိဗေဒ၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ စီးပွားရေးပညာ၊ သင်္ချာ၊ သတ္တဗေဒ၊ အရှေ့တိုင်း ပညာ၊ ဓာတုဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ ရူပဗေဒပြိုင်ပွဲဝင်အသင်း ၁၁ သင်းနှင့် အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဓာတုဗေဒ၊ ပထဝီဝင်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သတ္တဗေဒ၊ သင်္ချာ၊ ရူပဗေဒပြိုင်ပွဲဝင်အသင်း ၇ သင်း ပါဝင်ယှဉ်ပြိုင်ပြီးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)