ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၃၀
ကွာလာလမ်ပူမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၁၈-၁၂-၂၀၂၅ ရက်နေ့တွင် transit ပြုလုပ်စဉ် လေယာဉ်ပေါ် အချိန်မီ မရောက်ရှိဘဲ မလေးရှားလေဆိပ်တွင် ၅ ရက် ကြာ သောင်တင် နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားလေဆိပ်မှ တာဝန်ရှိသူများ၏ အကြောင်းကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ဝန်ထမ်းများက သွားရောက် ခေါ်ယူစောင့်ရှောက်ခဲ့သည်။
ဆက်လက်၍ အဆိုပါ မြန်မာနိုင်ငံသားအား မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေး အတွက် မြန်မာသံရုံး မှ အပြန်လေယာဉ်လက်မှတ်ခ အပါအဝင် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့သဖြင့် ၎င်းသည် ယနေ့ ၃၀-၁၂-၂၀၂၅ ရက်နေ့တွင် မြန်မာ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI – 8M 504) ဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသွားခဲ့ ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment