ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ်များ၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ်များ၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်


နေပြည်တော်၊ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ်များ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ အပိုင်း (၁) ၏ အားနည်းချက်၊ အားသာချက်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရန် ကျန်ရှိနေသေးသော မြို့နယ်များ၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) တွင် ပါဝင်သည့်မြို့နယ်များ၏ တာဝန်ရှိသူများနှင့် မိုင်းတုံမြို့နယ်တာဝန်ရှိသူက (Video Conferencing) ဖြင့်လည်းကောင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းမှူးက ရွေးကောက်ပွဲ အပိုင်း၂ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ ဆန္ဒမဲပေးရန်စောင့်ဆိုင်းစဉ် နားနေရန် ယာယီတဲနှင့် ထိုင်ခုံများ၊ သောက်ရေများ စီစဉ်ထားရှိရေး၊ တောင်ပေါ်ကျေးရွာများအတွက် အကြို/အပို့ မော်တော်ယာဉ်များ အဆင်သင့်စီစဉ်ထားရှိရေး၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)