ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ




ပဲခူး  ၊ ဒီဇင်ဘာ ၈

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။       

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် နှစ်စဉ်ကျင်းပပေးခဲ့ကြောင်း၊ မျက်မှောက်ခေတ်တွင် ဒစ်ဂျစ်တယ်နည်းပညာ အရှိန်ပြင်းပြင်းဖြင့် တိုးတက်လာမှုပေါ် တလွဲအသုံးချကာ အင်အားနည်းပါးသူ၊ မသိနားမလည်သူများကို ပစ်မှတ်ထားပြီး လိုသလိုအသုံးပြုရန်အတွက် သားကောင်အဖြစ်ရှာဖွေလာကြကြောင်း၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (၂၄)နာရီဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသလို ၂၀၂၂ ခုနှစ်မှစ၍ မည်သည့် ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်တို့ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှုကျူးလွန်ခဲ့သောဖြစ်ရပ်များတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာသည့်အတွက် အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အကြမ်းဖက်မှုပပျောက်စေရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး Video Clip အား ကြည့်ရှုခဲ့ကြသည်။

  ယင်းနောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးနှင့်ဆုံးဖြတ်ချက်ချမှတ်ရေးကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသမီးများနှင့် မီဒီယာကဏ္ဍကိုလည်းကောင်း၊ တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ အမျိုးသမီးငယ်ရွယ်များကဏ္ဍ အကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)