လဲချား ၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ဝမ်ထီ၊ နမ့်တုတ်၊ နားမန်း၊ ပုံနေကျေးရွာအုပ်စုများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာ ကျေးရွာအုပ်စုခန်းမများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကလည်းကောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုးကလည်းကောင်း မြန်မာအီလက်ထရောနစ်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက အီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းကို ရှင်းလင်းပြောကြားကာ မဲပေးစက်တပ်ဆင်ပုံနှင့် ကိုင်တွယ်အသုံးပြုနည်း လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းများကို ရှင်းလင်းပြသခဲ့ပါသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကိုဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျေးရွာအုပ်စုအလိုက် တာဝန်ခွဲဝေ၍ စနစ်တကျကြီးကြပ်၍ ရှင်းလင်းသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment