ဒဂုံတောင် ၊ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများအားလုံး ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် တံတားဖြူမှတ်တိုင်၌ YPS ယာဉ်များတွင် “လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်” “ဒီမိုကရေစီဖော်ဆောင်ဖို့ မဲရုံသွားပြီးမဲပေးစို့” စသည့် စတေကာများအား ခရီသည်ယာဉ်များတွင် လိုက်လံ ကပ်နှံပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဌာနမှူး ဦးကျော်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စတေကာအချပ် (၂၀၀) ခန့်အား လိုက်လံကပ်နှံကြကြောင်း သိရသည်။
နေမျိုးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment