သုံးခွ ၊ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စာသားပါ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကို လူစည်ကားရာနေရာများ၌ ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ဖြန့်ဝေခြင်းနှင့် စိုက်ထူခဲ့ကြောင်း သိရသည်။
ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် လူစည်ကားရာနေရာများဖြစ်သည့် သုံးခွမြို့ဝင်/ထွက်ဂိတ်၊ မြို့မဈေး၊ အ.ထ.ကကျောင်းများတွင် ဖြန့်ဝေခဲ့ကြပြီး ဗီနိုင်းပိုစတာများကို အမှတ် (၁) ရပ်ကွက် မင်းရဲကျော်စွာလမ်း (အစိုးရကန်ဘောင်ရှေ့) တွင်လည်းကောင်း၊ အမှတ် (၂) ရပ်ကွက်၊ မြနန္ဒာလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်နေရာတွင် လည်းကောင်း၊ အမှတ် (၄) ရပ်ကွက် အောင်ဇေယျာလမ်းမကြီးပေါ်တွင်လည်းကောင်း၊ အမှတ် (၇) ရပ်ကွက် အိဿယျကျေးရွာ အုပ်စုအထွက်လမ်းထိပ်နေရာတွင်လည်းကောင်း၊ အမှတ် (၃) ရပ်ကွက်နှင့် အနော်ရထာလမ်း (ရေစက်ကန်ထိပ်) တို့နှင့် မြို့ပေါ်ရပ်ကွပ်များတွင် (၂ ပေx ၅ ပေ) ဗီနိုင်းပိုစတာ ဆိုင်းဘုတ်စိုက်ထူခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒို့အတူတူ မဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လက်ကမ်းစာစောင်များကို ပြည်သူများအား စဉ်ဆက်မပြတ်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။
စည်သူလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment