ပျဉ်းမနား ၊ဒီဇင်ဘာ ၇
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေး ပြည်သူများအားလုံးပါဝင်၍ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်ရတနာမီးပွိုင့်လမ်းဆုံ၊ မြင်းရတနာမီးပွိုင့်လမ်းဆုံနှင့် မင်္ဂလာရှမ်းကန်အနီး လူစည်ကားရာနေများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီ ခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ ဟူသော အချက်များပါရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများစုပေါင်း၍ ပြည်သူများအား ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment