ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအ‌စည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအ‌စည်းအဝေး ကျင်းပ

 


ဘားအံ၊ ဒီဇင်ဘာ ၇


ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၂၅ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ၏ (၁/၁၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီက ဘားအံမြို့ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း မ(၂) ၌ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၂၅ အား ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းကော်မတီများ၏  လုပ်ငန်းတာဝန်များအား ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားပြီး ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၂၅ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးက လုပ်ငန်းစီမံချက်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက်တက်ရောက်လာကြသည့် ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုဖိုရမ် ၂၀၂၅ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်သည့် ဖိတ်ကြားရေးဆိုင်ရာကိစ္စရပ်များ ပြခန်းပြသရေးဆိုင်ရာကိစ္စရပ်များ ဧည့်ခံကျွေးမွေးရေး ဆိုင်ရာကိစ္စရပ်များ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ သတင်းထုတ်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသခရီးစဉ်လေ့လာရေးဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပြန်လည်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)