ပေါင်းတည်၌ မဲရုံလုပ်ငန်းများဆိုင်ရာ ကြိုတင်စီမံခန့်ခွဲ‌ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ မဲရုံလုပ်ငန်းများဆိုင်ရာ ကြိုတင်စီမံခန့်ခွဲ‌ရေး လုပ်ငန်းညှိနှိုင်းဆောင်ရွက်



ပေါင်းတည်  ၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုညှိနှိုင်းဆောင်ရွက်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသစ်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိ ‌ဦးအောင်ဇေယျာဖြိုးနှင့်ဝန်ထမ်းများ၊ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ မဲရုံမှူးများ၊ မဲရုံတာဝန်ကျဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ အဖွဲ့ဝင်များက မဲရုံသတ်မှတ်နေရာများ၌ တာဝန်ချထားမှုနှင့်လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြပြီး တာဝန်ကျမဲရုံကြီးကြပ်ရေးမှူးများက မိတ်ဆက်စကားပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲနေ့၌ ဆောင်ရွက်ရမည့် မဲရုံလုပ်ငန်းအဆင့်ဆင့်နှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများကို ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး‌နောက် မဲရုံလုပ်ငန်းဆောင်ရွက်ခြင်းများကို အဖွဲ့လိုက် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

ရွှေသား

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)