နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံ အက်ရှ်ဂါဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်သို့ တက်ရောက်မိန့်ခွန်းပြောကြား


နေပြည်တော်၊ ဒီဇင်ဘာ ၁၂

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ် ကို ယနေ့နံနက်ပိုင်းတွင် တာ့ခ်မင်နစ္စတန် နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင် နစ္စတန် ကွန်ဂရက်စင်တာ ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်းပြောကြားသည်။

အခမ်းအနားတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ် (၃၀)ပြည့်အထိမ်းအမှတ်ဂုဏ်ပြုပန်းစည်းချ အခမ်းအနားသို့ ဖိတ်ကြား ထားသည့် နိုင်ငံ တကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် အတူ ပါဝင်တက်ရောက်ခဲ့ရာ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ Mr. Serdar Berdimuhamedov က တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ် ဆက်ပြီး တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ်(၃၀)ပြည့်အထိမ်း အမှတ်အဖြစ် ပန်းစည်းချ ဂုဏ်ပြုကြသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှ ခေါင်းဆောင်များ သည် တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ ဧည့်ခန်းမ ၌ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်း ပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် နိုင်ငံအလိုက်ခေါင်းဆောင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားကြသည်။

နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာတွင် ယခုကျင်းပသည့် အထိမ်းအမှတ်ဖိုရမ်အခမ်းအနားသည် တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒ နှစ်၃၀ ပြည့် အထိမ်းအမှတ်အခါသမယနှင့်လည်း တိုက်ဆိုင်နေခြင်းကြောင့် ထူးခြားအရေးပါသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို ကိုင်စွဲကျင့်သုံးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ နှင့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ခဲ့ရ သည့်အခါတွင် နိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ များကိုလည်း ဖိတ်ကြားထားသည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး တာ့ခ်မင်နစ္စတန် နိုင်ငံကတည့်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ယမန်နေ့ကလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော သည် အီရန်အစ္စလာမ် မစ်သမ္မတနိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း ရင်းရင်းနှီးနှီး နိုင်ငံတကာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)