မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားပြီး AA အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းအခြေပြုပြီး စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် အဆောက်အဦများသာဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားပြီး AA အကြမ်းဖက် သောင်းကျန်းသူများ ခိုအောင်းအခြေပြုပြီး စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် အဆောက်အဦများသာဖြစ်





နေပြည်တော်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအား တပ်မတော်၏တိုက်ခိုက်မှုကြောင့် အဆိုပါနေရာတွင် တက်ရောက်ကုသလျက်ရှိသည့် အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်း ကျန်းသူများတို့အကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ပြီး ဒေသအချို့အား တပ်မတော်မှခေတ္တဆုတ်ခွာပေးခဲ့သည်။ အလားတူ မြောက်ဦးဒေသ တစ်ဝိုက်တွင်လည်း တပ်မတော်နှင့် AA အကြမ်းဖက်သောင်းကျန်းသူတို့အကြား အပြင်းအထန်တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် အဆိုပါမြောက်ဦး ဒေသအား AA အကြမ်းဖက်သောင်းကျန်းသူများက ယာယီထိန်းချုပ်ခဲ့သဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ခန့်အပ်ထားရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများအနေဖြင့် တိုက်ပွဲအတွင်းပိတ်မိမှုမရှိစေရေး ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့ကြသဖြင့် နိုင်ငံတော်အစိုးရမှ တရားဝင်ပိတ်သိမ်းထားသည့် ဆေးရုံဖြစ်ပြီး အဆိုပါနေရာအား AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ခိုအောင်းအခြေပြုပြီး ဆေးရုံ၏အသွင်အပြင်အဖြစ် အကာအကွယ်ယူ၍ဖွင့်လှစ်ထားသည့် စစ်စခန်းတစ်ခုအဖြစ် အသုံးပြုနေသည့် အဆောက်အဦများသာ ဖြစ်ကြောင်း ခိုင်လုံသောအမာခံသတင်းအရ သိရှိရသည်။

AAနှင့် ဒေသခံ PDF ၊ BPLA ၊ အရှိုချင်း စသည့်အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် အဆိုပါနေရာအား ဆေးရုံ၏အသွင်အပြင် အဖြစ် အခြေပြုထားသော စစ်စခန်းအဖြစ် အသုံးပြုနေသည့်အပြင် ၎င်းတို့အဖွဲ့များ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအားလည်း ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံရခိုင် တိုင်းရင်းသားများ၏ သတင်းပေးပို့မှုအရလည်း သိရသည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင်ခြင်းမရှိကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ တိကျသည့် သတင်း ပေးပို့မှုကြောင့်တပ်မတော်က လိုအပ်သည့်စိစစ်မှုများဆောင်ရွက်ကာ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများမှ ၎င်းတို့ အခြေပြုထားသော စစ်စခန်းအဖြစ်အသုံးပြုသည့် အဆိုပါအဆောက်အဦများကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာများပေါ်ရှိ၎င်းအကြမ်းဖက်သောင်းကျန်းသူများရေးသား ဖြန့်ဝေထားသည့် ဓာတ်ပုံအထောက်အထားများအရ ၎င်းတို့အဖွဲ့မှ ဒဏ်ရာရရှိသူများအားဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေမှု၊ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ရေးသားဖော်ပြမှုများကို တွေ့ရှိရပြီး အထက်ပါဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရရှိ သူများမှာ ပြည်သူများမဟုတ်ဘဲ အကြမ်းဖက်သောင်းကျန်းသူများနှင့် ၎င်းတို့ကို အားပေးထောက်ခံသူများသာဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို (Rules of Engagement ROE)နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန် ထားသည်။


#MNP #News 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)