မချမ်းဘောမြို့နယ် အမှတ်(၁၃၇) ခြေလျင်တပ်ရင်းတပ်နယ် ကြိုတင်ဆန္ဒမဲများ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့အပ်နှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘောမြို့နယ် အမှတ်(၁၃၇) ခြေလျင်တပ်ရင်းတပ်နယ် ကြိုတင်ဆန္ဒမဲများ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့အပ်နှံ




မချမ်းဘော  ၊ဒီဇင်ဘာ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းရှိ အမှတ် ၁၃၇ ခြေလျင်တပ်ရင်း တပ်နယ်ကြိုတင်မဲများအပ်နှံခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တပ်နယ်မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားများနှင့် တပ်မတော်သားများ မိသားစုဝင်များ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ကြိုတင်မဲပေးခြင်းများဆောင်ရွက်ခဲ့ရာ တပ်နယ်မဲဆန္ဒရှင်လူဦးရေ (၃၄၆) ဦး ရှိသည့်အနက် ကြိုတင်မဲပေးသူ လွှတ်တော် (၃) ရပ်တွင် ကြိုတင်မဲ (၂၁၅) ဦး၊ ပြည်နယ်လွှတ်တော်ဗမာတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ကြိုတင်မဲ (၂၁၀) ဦး၊ ပြည်နယ်လွှတ်တော် ရှမ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ကြိုတင်မဲ (၂) ဦး၊ ပြည်နယ်လွှတ်တော်ရ ဝမ်တိုင်းရင်းသားရေးရာ ကြိုတင်မဲ (၁) ဦး၊ ပြည်နယ်လွှတ်တော်လီဆူ တိုင်းရင်းသားရေးရာ ကြိုတင်မဲ (၁) ဦးတို့ အသီးသီးကြိုတင်မဲပေးခဲ့ကြပြီးအဆိုပါ ကြိုတင်မဲများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့အပ်နှံရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဂျွန်ရှင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမိုးအောင်နှင့်အဖွဲ့ဝင်များက လက်ခံခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)