ဩစတေးလျမှာ ရှိတဲ့ ဂျူးတွေကို ပစ်သတ်သွားတာ အိုင်အက်စ် သားအဖ ၂ ယောက်ဆိုပြီး ဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဩစတေးလျမှာ ရှိတဲ့ ဂျူးတွေကို ပစ်သတ်သွားတာ အိုင်အက်စ် သားအဖ ၂ ယောက်ဆိုပြီး ဖော်ထုတ်


ဒီဇင်ဘာ - ၁၅ ( တနင်္လာနေ့ ) 

မနေ့က သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ ဟာနက်ကာပွဲတော်လုပ်ဖို့ စုရုံးနေတဲ့ ဂျူးလူအုပ်စုတစ်ခုကို အသေခံတိုက်ခိုက်မှု တစ်ခု အလုပ်ခံလိုက်ရပါတယ်။ ရဲတွေရဲ့ စုံစမ်းဖော်ထုတ်မှုအရ တိုက်ခိုက်မှု လုပ်ခဲ့တဲ့သူတွေက သားအဖ ၂ ယောက်လို့ သိရပါတယ်။ 

ဆစ်ဒနီမြို့ဆင်ခြေဖုံးတွင် စုရုံးနေသော လူများကို အသေခံဗုံးခွဲတိုက်ခိုက်သူနှစ်ဦးက ပစ်ခတ်ခဲ့ရာ အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်လို့ ကွင်းစလန်းရဲဌာနက ဆိုပါတယ်။ သံသယရှိသူများမှာ ဆာဂျစ်အာခရမ် နဲ့ သူ့သား နာဗစ် အာခရမ် တို့ဖြစ်တယ်လို့ ရဲတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

နယူဆောက်ဝေး ပြည်နယ်ရဲမင်းကြီး အဆိုအရ ဆာဂျစ်ကတော့ အခင်းဖြစ်ပွားတဲ့ နေရာမှာတင်သေဆုံးခဲ့ပြီး သားဖြစ်သူကတော့ ဆေးရုံမှာ အရေးပေါ်တင်ထားပါတယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။ 

ဒေသခံမီဒီယာတွေရဲ့အဆိုအရ ဆာဂျစ်ရဲ့ ကားထဲမှာ အိုင်အက်စ်အလံတစ်ခုကို တွေ့ခဲ့ရတဲ့အတွက် ဆာဂျစ်တို့သားအဖက ဂျူးတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ ညွှန်ကြားခံခဲ့ရတယ်ဆိုပြီး ကောက်ချက်ချပါတယ်။ 

သြစတြေးလျပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ ASIO အဆိုအရ လွန်ခဲ့တဲ့ ခြောက်နှစ်က သားဖြစ်သူ နာဗစ် ကို အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်မှုအတွက် ဖမ်းဆီးခဲ့ဖူးကြောင်း သိရပါတယ်။ သူက ၂၀၁၉ မှာ အဖမ်းခံလိုက်ရတဲ့ အိုင်အက်စ် အဖွဲ့က အိုင်ဆက်အယ်လ်မာတာရီနဲ့ နဲ့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။ 

ASIO အကြီးအကဲ  က လက်ရှိအကြမ်းဖက်မှုကို လုပ်သွားတဲ့ လူ ၂ ယောက်မှာ တစ်ယောက် သံသယရှိသူမှန်ပေမဲ့ သူက ချက်ချင်းခြိမ်းခြောက်တဲ့ အဆင့်မဟုတ်နိုင်တဲ့အတွက် လွှတ်ထားလိုက်တာလို့ ဆိုပါတယ်။ 

ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ် ကတော့ ကျနော်တို့နိုင်ငံရဲ့ နလုံးသားကို ထိပါးစေတဲ့ ဂျူးမုန်းတီးရေးနဲ့ ဆိုးရွားတဲ့ အကြမ်းဖက်ဝါဒ လုပ်ရပ်တစ်ခုဖြစ်လို့ ရှုတ်ချပါတယ်လို့ ပြောသွားပါတယ်။  “သြစတြေးလျက ဂျူးလူမျိုးတွေကို တိုက်ခိုက်တာဟာ ဩစတြေးလျနိုင်ငံသားတိုင်းကို တိုက်ခိုက်တာနဲ့ အတူတူပဲ” လို့ ထပ်လောင်းပြောသွားပါတယ်။ 


REF: RT 

#MNP #News #International

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)